Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာများ ရောင်းချနေမှုစစ်ဆေး

18 July 22

စလင်းမြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာများ ရောင်းချနေမှုစစ်ဆေး
*******************************
စလင်း ဇူလိုင် ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက စလင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများအတွက် ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချနေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်နှင့်တာဝန်ရှိသူများသည် စလင်းမြို့ရှိ ရွှေသြဇာ ဓာတ်မြေသြဇာအရောင်းဆိုင်တွင် အရည်အသွေးပြည့်မီသော ယူရီးယားဓာတ်မြေသြဇာများ ဖြန့်ဖြူးရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဓာတ်မြေသြဇာလာရောက်ဝယ်ယူသည့် တောင်သူလယ်သမားများအား ယူရီးယားဓာတ်မြေသြဇာများကို အချိန်မရွေး လိုအပ်သလောက် လာရောက်ဝယ်ယူနိုင်ကြောင်း၊ စျေးနှုန်းချိုသာသည့်အတွက် တောင်သူများ စိုက်ပျိုးရေးစရိတ်သက်သာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက စလင်းမြို့နယ်အတွင်းရှိ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ကျေးလက်နေတောင်သူများ အရည်အသွေးပြည့်မီသော ယူရီးယားဓာတ်​မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် တောင်သူများအနေဖြင့် စလင်းမြို့ရှိ ဟိန်းထက်မင်းဓာတ်မြေသြဇာအရောင်းဆိုင်နှင့် ရွှေသြဇာဓာတ်မြေသြဇာအရောင်းဆိုင်တို့တွင် ယူရီးယားဓာတ်မြေသြဇာတစ်အိတ်လျှင် ၈၉၁၀၀ ကျပ်ဖြင့် လိုသလောက် ဝယ်ယူနိုင်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယူရီးယားဓာတ်မြေသြဇာများကို ဇူလိုင် ပထမ ပတ်က စတင်ရောင်းချခဲ့ရာ ယနေ့အထိ ယူရီးယားဓာတ်မြေသြဇာအိတ်ပေါင်း ၆၀၀ ခန့် ရောင်းချပြီးဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့်အပြင် စျေးနှုန်းချိုသာသည့်အတွက် တောင်သူများအတွက် အဆင်ပြေကြောင်း၊ ထပ်မံ၍ ယူရီးယားဓာတ်မြေသြဇာပေါင်း တစ်ထောင်ကျော်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ဦးစီးမှူဦးစိုးခိုင်ထံမှ သိရသည်။

အထွေး