Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

17 July 22

မကွေးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
=======================
မကွေး ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊
မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြည်တလုံးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းစာရင်းဇယားများဖြည့်သွင်းထားရှိမှုနှင့်လုပ်ငန်းများအကောင်အထည်ဆောင်ရွက် နေမှုအား တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုး နှင့် တာဝန်ရှိသူများသည် ကြည်တလုံးကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ စီမံကိန်းစာရင်းဇယားများဖြည့်သွင်းထားရှိမှုနှင့် လုပ်ငန်းများအကောင်အထည်ဆောင်ရွက်နေမှုကို စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေဖြင့် တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန်နှင့် ကော်မတီဝင်များကလည်း စာရင်းဇယားများ ပုံမှန်ဖြည့်သွင်းကြရန် မှာကြားသည်။

ကြည်တလုံးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်က စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ အိမ်ထောင်စု ၁၆၅ စုအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်  ၄၈ ဒသမ ၁ သန်း ထုတ်ချေးထားပြီး အရင်းဆပ်ကာလ ၁၂ လ၊ အတိုးဆပ်ကာလ နှစ်လတစ်ကြိမ်၊ ငွေတစ်ရာကျပ်အတွက်တစ်လလျှင်အတိုးနှုန်း ပြားငါးဆယ်အား ကျေးရွာကော်မတီနှင့်အသင်းသားများ၏ အများသဘောတူဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ထားရှိကြောင်းသိရှိရသည်။

အဆိုပါစီမံကိန်းအား ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ  ကိုယ်တိုင်အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်၊ မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများပေါ်ပေါက်လာစေရန်ရည်ရွယ်၍
နိုင်ငံတော်ထောက်ပံ့ငွေမှ ကျပ်သိန်းသုံးရာ မတည်ပေးခဲ့ခြင်းဖြစ်​ကြောင်း မကွေးမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး ထံမှ သိရသည်။

အထွေး