Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကျေးရွာ ရွေးချယ်ပွဲကျင်းပ

17 July 22

ဆိပ်ဖြူမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကျေးရွာ ရွေးချယ်ပွဲကျင်းပ"
   ဆိပ်ဖြူ၊ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့

နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ဘဏ္ဍာနှစ်တွင်  မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)ကျေးရွာထပ်မံတိုးချဲ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအ တွက် စီမံကိန်းကျေးရွာ ရွေးချယ်ပွဲကို
ဇူလိုင် ၁၆ရက် နံနက်ပိုင်းက ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန အစည်းအဝေး
ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ  ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ဆိပ်ဖြူမြို့နယ်အတွင်း ဆောင်းနေကြာစိုက် ပျိုးမည့် ကျေးရွာအုပ်စု (၃၇)စု တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)၊ရေပေးရေးလုပ်ငန်းနှင့်ကုန်ထုတ်လမ်းလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်သည့်ကျေးရွာများအားကွင်းဆင်းစိစစ်၍တင်ပြရန်အကြောင်းကြားလာပါကြောင်း၊မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကျေးရွာများရွေးချယ်ဆောင်ရွက်မည်ဆိုပါကနယ် မြေလုံခြုံမှုရှိသောကျေးရွာ၊လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ပြီးအမှန်တကယ်ဆီထွက်သီးနှံစိုက်ပျိုးနိုင်မည့်ကျေးရွာများအား ရွေးချယ်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
   အဆိုပါစီမံကိန်းကျေးရွာရွေးချယ်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနိုင်၊သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှဋ္ဌေး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခက်မွန်ခင်၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲလှဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
  ထို့နောက် ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် နှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန် ရှိသူများက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ဆောင်ရွက်ရန်အတွက် ဌာနမှသတ်မှတ်ထားသောစည်းမျဥ်း၊စည်း ကမ်းများနှင့် ကိုက်ညီသည့် ချင်တောင်ကျေးရွာနှင့် မြင်ဝကကျေးရွာတို့ကို
အတည်ပြုရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
                                                      နွဲ့ယဥ်