Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ်၌ Cash For Work စီမံကိန်းစီမံခန့်ခွဲမှုနှင့်ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ပို့ချ

16 July 22

ဆိပ်ဖြူမြို့နယ်၌ Cash For Work စီမံကိန်းစီမံခန့်ခွဲမှုနှင့်ငွေ

စာရင်းထိန်းသိမ်းနည်းသင်တန်း ပို့ချ"
ဆိပ်ဖြူ၊ ဇူလိုင် ၁၆
  မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်မည့် မြေကြမ်းတောကျေးရွာအား
စီမံကိန်းစီမံခန့်ခွဲမှုနှင့်ငွေစာရင်းထိန်း သိမ်းနည်းသင်တန်းကို ဇူလိုင် ၁၅ရက်နံနက်ပိုင်းက ဆိပ်ဖြူမြို့ နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်း
ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
  ရှေးဦးစွာ ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ကျေး လက်ဒေသများရှိ ပြည်သူများအား ကုန်ထုတ်လုပ်ငန်းများနှင့်အခြေခံအ ဆောက်အဦဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာနေပြည်သူများကိုယ် တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားလာစေရန်နှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ Cash For Work စီမံကိန်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်း လင်းပြောကြားသည်။
   ထို့နောက် Cash For Work စီမံကိန်းတာဝန်ခံ ဒေါ်ဇာခြည်ခိုင် (အငယ်တန်းအင်ဂျင်နီယာ - ၂) က စီမံကိန်းစက်ဝန်း ၏ အဓိကလုပ်ငန်းများ၊ကျေးရွာ​စီမံ ကိန်းကော်မတီဝင်များ၏ လုပ်ငန်းတာ ဝန်များ၊ စီမံကိန်းတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ဝယ်ယူရေးလုပ်ထုံးလုပ်နည်းများ၊ငွေကြေးစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ၊စောင့်ကြည့်ကြီးကြပ်ရေးနှင့်လုပ်ငန်းလည်ပတ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ စသည့် သင်ခန်းစာများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် Cash For Work စီမံ ကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြေကြမ်းတောကျေးရွာမှ ကော်မ တီဝင် ခုနစ်ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကိုဗစ်ကာလအတွင်း အလုပ်အကိုင်ရှားပါးသောကျေးလက်နေပြည်သူများအား Cash For Work စီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း၁၀၀ ဖြင့် ကျေးရွာ၏အဓိကလိုအပ်ချက်ဖြစ်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုကျေးရွာလူထုကိုယ်
တိုင်ဆောင်ရွက်စေပြီးလုပ်အားခရရှိစေရန်အတွက်Cash For Work စီမံကိန်းကို  ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ဆက်လက်ပြောပြ၍  သိရသည်။
                                                      နွဲ့ယဥ်