Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ် အရှေ့ကပိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး

15 July 22

ဆိပ်ဖြူမြို့နယ် အရှေ့ကပိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး"
   ဆိပ်ဖြူ ၊ ဇူလိုင် ၁၅
  ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန က အရှေ့ကပိုင် ကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီ

မံကိန်း အရင်းမပျောက်လည်ပတ်ရန် ပုံငွေ ထုတ်ချေးခြင်းကို ဇူလိုင် ၁၄ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
    ရှေးဦးစွာ ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က မြစိမ်း ရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ကြစေလိုကြောင်း အတိုးအရင်းများကိုသတ်မှတ်ရက်အတွင်း ပုံမှန်ပေးသွင်းကြစေလိုကြောင်း၊ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့်လည်း လစဥ်ဖြည့်သွင်းရမည့် စာရင်းဇယားများကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
   ထို့နောက် ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက အရှေ့ကပိုင် ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၉၆ဦး၊ ငွေကျပ် ၂၉၅သိန်း၊မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူ ၂၁ဦး၊ငွေကျပ်
၆၅သိန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၆ဦး၊ငွေကျပ် ၂၀သိန်း၊
စုစုပေါင်း အသင်းသား၊အသင်းသူ
၁၂၃  ဦးတို့အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းပဥ္ဓမအကြိမ်မြောက်
အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၈၀သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
  မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်နေပြည်သူများအလုပ်အ ကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ​ကျေးလက်ဒေသဆင်းရဲမှုနှုန်းလျော့ကျလာစေရန်ရည်ရွယ်၍ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ပြောပြ၍ သိရသည်။
                                                     နွဲ့ယဥ်