မြိုင်မြို့နယ်၌ တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
*********************************
မြိုင် ဇူလိုင် ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတို့ဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်စစ်ဆေးရာတွင် မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ကန်အောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ ကျပ် ၄၁ ဒသမ ၈၅ သန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကိုလည်ကောင်း၊ နှင်းဆီကန်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ ကျပ် ၃၂ ဒသမ ၁ သန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကိုလည်ကောင်း ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက သက်ဆိုင်ရာစီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့် စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများအား အတိုးအရင်းများကိုသတ်မှတ်ကာလအတွင်း ပြေကျေစွာ ပေးသွင်းကြရန် ဆွေးနွေးပြောကြားသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြိုင်မြို့နယ်၊ ကန်အောက်ကျေးရွာရှိ အိမ်ထောင်စု ၁၁၈ စုအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၄၁ ဒသမ ၈၅ သန်း၊ နှင်းဆီကန်ကျေးရွာရှိ အိမ်ထောင်စု ၁၀၆ စုအတွက် ကျေးရွာမတည်ရန်ပုံငွေကျပ် ၃၂ ဒသမ ၁ သန်းကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးထားပြီး အဆိုပါစီမံကိန်းချေးငွေများဖြင့် တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ကျေးရွာသူကျေးရွာသားများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းက အထောင်အကူပြုကြောင်း မြိုင်မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းထံမှ သိရသည်။
အထွေး