Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စေတုတ္တရာမြို့နယ် ဇီးဖြူကုန်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

13 July 22

စေတုတ္တရာမြို့နယ် ဇီးဖြူကုန်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
*********************************
စေတုတ္တရာ ဇူလိုင် ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဥ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆) (SDG 6) နှင့်အညီ ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် စေတုတ္တရာမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၌ လက်တူးတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ဇူလိုင် ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် အင်ဂျင်နီယာများသည် ချင်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဇီးဖြူကုန်းကျေးရွာသောက်သုံးရေရရှိရေကော်မတီဝင်များနှင့်အတူ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကုမ္ပဏီမှ တာဝန်ရှိသူများအား လုပ်ငန်းများအားလုံး စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးရေးအလေးထားဆောင်ရွက်ရန် မှာကြားသည်။

စေတုတ္တရာမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင်  ၆ ပေအကျယ်၊ ၂၅ ပေ အနက် လက်တူးတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်း ၃၅၀၀ ပေ သွယ်တန်းခြင်း၊ ၂၅ ကောင် အင်ဂျင်နှင့် ၆ ထပ်ပန့်တပ်ဆင်ခြင်း နှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ချင်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၁၅ ဒသမ ၇၅ သန်းဖြင့် ဇွန် တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး