Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ်၌ ကျေးရွာလူထုအား စိုက်ပျိုး/မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်း (ဒုတိယအကြိမ်)ဖွင့်လှစ်‌ပေးခြင်း

12 July 22

စလင်းမြို့နယ်၌ ကျေးရွာလူထုအား စိုက်ပျိုး/မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်း (ဒုတိယအကြိမ်)ဖွင့်လှစ်‌ပေးခြင်း
*******************************
စလင်း ဇူလိုင် ၁၂
 
         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ ဦးစီး၍ မြို့နယ်အတွင်းရှိကျေးလက် တောင်သူလယ်သမားများ လယ်ယာစိုက်ပျိုးသီးနှံများ အထွက်တိုးစေရေး/မွေးမြူရေးတ််ိရစ္ဆာန်များ ရောဂါကူးစက်မှုမှကာ ကွယ်နိုင်ရေးရည်မှန်းကာ  "စိုက်ပျိုး/မွေးမြူရေးဆိုင်ရာအသိ ပညာပေးသင်တန်း"(ဒုတိယအကြိမ်) ဖွင့်လှစ်ပေးခဲ့ပါသည်။
       အဆိုပါသင်တန်းအားစလင်းမြို့နယ် ၊အနောက်ကန် ဘောင်ကျေးရွာအုပ်စု၊အနောက်ကန်ဘောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နံနက် (၁၁:၀၀)နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုးခိုင်နှင့်ဝန်ထမ်းများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်လင်းနှင့်သင်တန်းသူ(၅)ဦး၊သင်တန်း သား(၂၅)ဦး စုစုပေါင်း (၃၀)ဦးတက်ရောက်ခဲ့ပါသည်။
       သင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မျြု့နယ်ဦးစီးမှူး ဦးစိုးခိုင်မှ သင်တန်းမှာ ဇူလိုင်(၁၁)ရက်မှ(၁၅)ရက်နေ့ထိ (၅)ရက်တာ ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း၊သင်တန်း၏ ရည်ရွယ်ချက်၊အကျိုးကျေးဇူး စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
         ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူဦးမြင့်လင်းမှ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး အသုံးပြုနည်းမြေဩ ဇာဖျော်စပ်အသုံးပြုပံု၊ရာသီချိန်နှင့်အညီနည်းမှန်လမ်းမှန်ဆောင် ရွက် စိုက်ပျိုးနိုင်ရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါ သည်။
 
 
 
ပုံညာ