ချောက်မြို့နယ် ရွာမကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး
*******************************
ချောက် ဇူလိုင် ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဥ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆) (SDG 6) နှင့်အညီ ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေးအတွက် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ရွာမကျေးရွာ၌ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မေသက်နိုင် နှင့် တာဝန်ရှိသူများသည် ရွာမကျေးရွာသောက်သုံးရေရရှိရေကော်မတီဝင်များနှင့်အတူ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက တာဝန်ယူဆောင်ရွက်သော စွမ်းထက်ပြည့်ကုမ္ပဏီမှ တာဝန်ရှိသူများအား လုပ်ငန်းများအားလုံး စံချိန်စံညွှန်းပြည့်မီစွာသတ်မှတ်ကာလအတွင်း ပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ချောက်မြို့နယ်၊ ရွာမကျေးရွာတွင် ၄ လက်မ အကျယ်၊ ၉၀၀ ပေ အနက် စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ရေစင်အောက်တွင် ပါဝါမီတာထားရန် အခန်းဖွဲ့ခြင်း နှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို စွမ်းထက်ပြည့် ကုမ္ပဏီက ဇွန်ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး