Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာများ ရောင်းချနေမှုစစ်ဆေး

11 July 22

စလင်းမြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာများ ရောင်းချနေမှုစစ်ဆေး

*******************************
စလင်း ဇူလိုင် ၁၁
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက စလင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများအတွက် ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချနေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
ထိုသို့စစ်ဆေးရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်နှင့်တာဝန်ရှိသူများသည် အရည်အသွေးပြည့်မီသော ယူရီးယားဓာတ်မြေသြဇာများ ဖြန့်ဖြူးရောင်းချနေသည့် ဟိန်းထက်မင်းဓာတ်မြေသြဇာအရောင်းဆိုင်တွင် ယူရီးယားဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာ ရောင်းချနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဓာတ်မြေသြဇာလာရောက်ဝယ်ယူသည့် တောင်သူလယ်သမားများအား ယူရီးယားဓာတ်မြေသြဇာများကို အချိန်မရွေး လိုအပ်သလောက် လာရောက်ဝယ်ယူနိုင်ကြောင်း၊ စျေးနှုန်းချိုသာသည့်အတွက် တောင်သူများ စိုက်ပျိုးရေးစရိတ်သက်သာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
 
စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ကျေးလက်နေတောင်သူများ အရည်အသွေးပြည့်မီသော ယူရီးယားဓာတ်​မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် တောင်သူများအနေဖြင့် စလင်းမြို့ရှိ ဟိန်းထက်မင်းဓာတ်မြေသြဇာအရောင်းဆိုင်နှင့် ရွှေသြဇာဓာတ်မြေသြဇာအရောင်းဆိုင်တို့တွင် ယူရီးယားဓာတ်မြေသြဇာတစ်အိတ်လျှင် (၈၉၁၀၀) ကျပ်ဖြင့် လိုသလောက် ဝယ်ယူနိုင်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
 
ပုံညာ