မင်းတုန်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းသင်တန်းဖွင့်
******************************
မင်းတုန်း ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ဇူလိုင် ၉ ရက်နေ့ နံနက် ၉ နာရီက မင်းတုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြတ်စုအောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းများ သင်ကြားပို့ချရာ၌ သင်တန်းသားများအနေဖြင့် သေချာကြိုးစားလိုက်နာမှတ်သားကြရန်၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ မိမိတို့ကျေးရွာဆိုင်ရာ အချက်အလက်များအား မှန်ကန်စွာ စာရင်းကောက်ယူပြီး စီမံချက်စာအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ကြရန်၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ကျေးရွာသူ ကျေးရွာသားများမှ ကိုယ်တိုင်ဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဥ်များ ရေးဆွဲရန်ဖြစ်သောကြောင့် ယင်းစီမံချက်ရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါသင်တန်းသို့ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် လိပ်ကုန်းကျေးရွာ၊ ပေကုန်းကျေးရွာ၊ သရက်အုပ်ကျေးရွာ၊ သာဒွန်းကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့မှ သင်တန်းသူသင်တန်းသား ၁၅ ဦးတက်ရောက်ခဲ့ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး