Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

09 July 22

စလင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
*********************************
စလင်း ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်ထောင်စုရန်ပုံငွေကျပ် ၁၅၁ ဒသမ ၂၄၂ သန်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇူလိုင် ၈ ရက်နေ့ နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြတ်သိန်းနှင့် အင်ဂျင်နီယာများသည် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာတို့နှင့်အတူ နံနက်ပိုင်းတွင် ကဒါန်းကျေးရွာ ၄ လက်မအကျယ် အနက် ၆၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပန်းပြင်ကျေးရွာကုန်ထုတ်လမ်းအရှည် ခုနှစ်ဖာလုံမြေနီကျောက်စရစ်ကိုးလက်မထုခင်းခြင်း၊ အဆိုပါကုန်ထုတ်လမ်းပေါ်တွင် ကွန်ကရစ်တံတားတစ်စင်းနှင့် Pipe Culvert လေးစင်းတည်ဆောက်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ဆက်လက်၍ စလင်းမြောင်းမကြီးလက်တံ-၂ ကုန်ထုတ်လမ်း အရှည် နှစ်မိုင် မြေနီကျောက်စရစ်ကိုးလက်မထုခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၈၈ ဒသမ ၉၈၂ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်း၊  ပြည်ထောင်စုရန်ပုံငွေကျပ် ၆၂ ဒသမ ၂၆ သန်းဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း နှစ်ခု၊ စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လေးခု ဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပါက ကျေးရွာ ၇ ရွာရှိ အိမ်ခြေ ၁၁၃၂ အိမ်၊ လူ ၅၀၁၄ ဦး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စလင်းမြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။

အထွေး