မကွေးမြို့နယ် သမန်းတော(တ)ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး
*******************************
မကွေး ဇူလိုင် ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဥ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆) (SDG 6) နှင့်အညီ ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေးအတွက် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် သမန်းတော(တ)ကျေးရွာ၌ တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၂၁ ဒသမ ၈ သန်း ဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုး နှင့် တာဝန်ရှိသူများသည် သမန်းတော(တ) ကျေးရွာသောက်သုံးရေရရှိရေကော်မတီဝင်များနှင့်အတူ စက်ရေ တွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာရေရရှိရေးကော်မတီဝင်များအား ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက စနစ်တကျ သုံးစွဲကြရန် မှာကြားသည်။
မကွေးမြို့နယ်၊ သမန်းတော(တ)ကျေးရွာတွင် ၄ ဒသမ ၅ လက်မ အကျယ်၊ ၄၀၀ ပေ အနက် စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ရေစင်အောက်တွင် ပါဝါမီတာထားရန် အခန်းဖွဲ့ခြင်း နှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို Dear Brain ကုမ္ပဏီက ဇွန် ၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး