Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာ ၌ CFW စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

07 July 22

ရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာ ၌ CFW စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်"
ရေနံချောင်း၊ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ရေနံချောင်း

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန က ရုံးကုန်းကျေး ရွာ ၌ Cash For Work (CFW) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ကို ဇူလိုင် ၆ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
  ရှေးဦးစွာ ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်း က(CFW)စီမံကိန်းဆောင်ရွက်ရခြင်း ၏ရည်ရွယ်ချက်၊ ဆောင်ရွက်ခွင့်ရခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊စီမံကိန်းလက်စွဲစာအုပ်ပါ ဆောင်ရန်၊ရှောင်ရန်အချက်များ ကျေးရွာဖွံ့ ဖြိုးရေးကော်မတီဝင်ရွေးချယ်ရာ တွင် လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက
Cash For Work(CFW) စီမံကိန်းလုပ် ငန်းခွဲရွေးချယ်ရာတွင်လိုက်နာရမည့်အချက်များ၊အကျုံးဝင်သောစီမံကိန်းလုပ်ငန်းခွဲများနှင့် အကျုံးမဝင်သော စီမံကိန်းလုပ်ငန်းခွဲများအကြောင်း ဆွေးနွေးပြောကြားသည်။
   ဆက်လက်၍ တက်ရောက်လာကြသောကျေးရွာသူ၊ကျေးရွာသားများ ၏အများသဘောဆန္ဒ ဖြင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် ကိုးဦးကို ရွေးချယ်ခဲ့ကြသည်။
   ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကိုဗစ်ကာလအတွင်း အလုပ်အကိုင်ရှားပါးသောကျေးလက်နေပြည်သူများအား Cash For Work စီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း၁၀၀ ဖြင့် ကျေးရွာ၏အဓိကလိုအပ်ချက်ဖြစ်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုကျေးရွာလူထုကိုယ်
တိုင်ဆောင်ရွက်စေပြီးလုပ်အားခရရှိစေရန် Cash For Work စီမံကိန်းကို 
ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း  အဆိုပါ ဦးစီးဌာန မှ သိရသည်။
                                                    နွဲ့ယဥ်