Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ် မြေကြမ်းတောကျေး ရွာ၌ Cash For Work စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

07 July 22

ဆိပ်ဖြူမြို့နယ် မြေကြမ်းတောကျေး ရွာ၌ Cash For Work စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်"
     ဆိပ်ဖြူ ၊ဇူလိုင် ၇
   မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့

နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင်  Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်
မည့် ​ မြေကြမ်းတောကျေးရွာ၌  CFW စီမံ ကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို ဇူလိုင် ၆ ရက်ညနေပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
   ရှေးဦးစွာ ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာန ဦးစီးအ ရာရှိ ဒေါ်နှင်းဖြူဖြူလွင် က Cash For Work စီမံကိန်းလုပ်ငန်းစဥ်များ၊ စီမံ ကိန်းမူဘောင်များ၊စီမံကိန်းဆောင် ရွက် ရခြင်းကြောင့် ရရှိလာမည့်အကျိုး ကျေးဇူးများ၊စီမံကိန်းလက်စွဲစာအုပ်ပါဆောင်ရန်၊ရှောင်ရန်အချက်များ၊ ကျေး ရွာကော်မတီရွေးချယ်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားသည်။
   ထို့နောက် တက်ရောက်လာကြသော ကျေးရွာသူ၊ကျေးရွာသားများကဦးစားပေးဆောင်ရွက်လိုသောကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေး နွေးတင်ပြရာ စီမံကိန်းတာဝန်ခံဝန် ထမ်းများက လိုအပ်သည်များ ရှင်း လင်းပြောကြားပြီး ကျေးရွာနေပြည်သူ များ၏အများသဘောဆန္ဒနှင့်အညီ ကျေးရွာဖွံ့ဖြိုးရေး Cash For Work စီမံကိန်းကော်မတီဝင်( ၇) ဦးကိုမဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
  အဆိုပါ မြေကြမ်းတောကျေးရွာ၌ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် Cash
F​or Work စီမံကိန်း ပံပိုးရန်ပုံငွေကျပ်သိန်း၁၀၀ ဖြင့် ကျေးရွာ၏အဓိကလို အပ်ချက်ဖြစ်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုကျေးရွာလူထုကိုယ် တိုင်ဆောင်ရွက်စေပြီးလုပ်အားခရရှိစေရန် အတွက်Cash For Work(CFW) စီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း ဦးစီးအရာရှိဒေါ်နှင်းဖြူဖြူလွင်က ဆက်လက်ပြောပြ၍ သိရသည်။
                                                      နွဲ့ယဥ်