Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေနံချောင်းမြို့နယ် သစ်မြင်တော ကျေးရွာ ၌ မြစိမ်းရောင်​ကျေးရွာစီမံ ကိန်းရန်ပုံငွေ ပထမအကြိမ်ထုတ်ချေး

05 July 22

​ရေနံချောင်းမြို့နယ် သစ်မြင်တော
ကျေးရွာ ၌ မြစိမ်းရောင်​ကျေးရွာစီမံ ကိန်းရန်ပုံငွေ ပထမအကြိမ်ထုတ်ချေး"
ရေနံချောင်း ၊ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ရေနံချောင်း
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတို

း တက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ 
၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့်သစ်​မြင်တောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပထမ အ ကြိမ်ထုတ်ချေးခြင်းကို  ဇူလိုင် ၄ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ကျင်း ပ ​ပြုလုပ်ခဲ့ကြောင်းသိရသည်။
  ထိုသို့ထုတ်ချေးပေးရာတွင် ရေနံချောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက​ မြစိမ်းရောင်ကျေးရွာစီမံကိန်းလက်စွဲစာအုပ်ပါလမ်းညွှန်ချက်များ၊ ယခုလို စီမံကိန်းဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊အတိုးအရင်းများကို သတ်မှတ်ရက်အတွင်းအချိန်မီပေးသွင်းနိုင်ရေးအလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ကျေးရွာနေပြည်သူများထားရှိရမည့်ကျေးရွာစိတ်ဓာတ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဥပဒေ၊နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြား သည်။
ထို့နောက် ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န မြို့နယ်ဦးစီးမှူး  နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ သို့ စီမံ ကိန်းရန်ပုံငွေများလွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါသစ်မြင်တောကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၅ဦး ကိုငွေကျပ်၂၄၂သိန်း၊မွေးမြူရေးလုပ် ငန်းလုပ်ကိုင်သူ ၁၇ဦးကို ငွေကျပ် ၅၃
သိန်း၊အရောင်းအဝယ်လုပ်ငန်းလုပ် ကိုင်သူ တစ်ဦး ကို ငွေကျပ် ငါးသိန်း
စုစုပေါင်းစီမံကိန်းလည်ပတ်ရန်ပုံ​ငွေ ချေးယူသူအသင်းသား၊အသင်းသူ၈၃
ဦးကို ငွေကျပ်သိန်း ၃၀၀ ထုတ်​ချေးပေးခဲ့ကြောင်း ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်း က ပြောပြ၍ သိရသည်။                                  
                                                      နွဲ့ယဥ်