စေတုတ္တရာမြို့နယ်၌ သံဂဟေဆက်သင်တန်းဖွင့်ပွဲကျင်းပ
*******************************
စေတုတ္တရာ ဇူလိုင် ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ''သံဂဟေဆက်သင်တန်း"ဖွင့်ပွဲကို ဇူလိုင် ၄ ရက်နေ့ နံနက် ၉ နာရီက စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်းက အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု သံဂဟဆက် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စေတုတ္တရာမြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်းက သင်တန်းသား ၂၅ ဦးအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး လက်တွေ့သင်ကြားပို့ချနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သံဂဟေဆက်သင်တန်းကို ဇူလိုင် ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၁၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အောက်ပုံကျေးရွာ၊ ခြင်ပြစ်ကိုင်းကျေးရွာ၊ မြေနီကုန်းကျေးရွာ၊ တယ်ဇားကျေးရွာ နှင့် အောက်ဝေါကျေးရွာတို့မှ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး