Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ် ကျက်သကိုင်ကျေးရွာ၌ Cash For Work စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းပြုလုပ်

03 July 22

စလင်းမြို့နယ် ကျက်သကိုင်ကျေးရွာ၌ Cash For Work စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းပြုလုပ်
****************************
စလင်း ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ် ၁၉ ကာလအတွင်း အလုပ်အကိုင်ရှားပါးသော ကျေးလက်နေပြည်သူများ လုပ်အားခဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် ကျက်သကိုင်ကျေးရွာအုပ်စု၊ ကျက်သကိုင်ကျေးရွာ၌ Cash For Work စီမံကိန်း(CFW) မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီဖွဲ့စည်းခြင်းကို တာဝန်ရှိသူများက ဇူလိုင် ၂ ရက်နေ့ မွန်းလွဲ တစ်နာရီက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စလင်းမြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က Cash For Work စီမံကိန်း(CFW) ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်း၏ သဘောသဘာဝ၊ စီမံကိန်းလက်စွဲပါဆောင်ရန် ရှောင်ရန်အချက်များ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ရွေးချယ်ရာတွင် လိုက်နာရန်အချက်များကို ရှင်းလင်းပြောကြားပြီး စလင်းမြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်နီလာထွေးက Cash For Work စီမံကိန်းလုပ်ငန်းခွဲရွေးချယ်ရာတွင် လိုက်နာရန်အချက်များ၊ အကျုံးဝင်သောစီမံကိန်းလုပ်ငန်းခွဲများနှင့်အကျုံးမဝင်သောစီမံကိန်းလုပ်ငန်းခွဲများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် ခုနှစ်ဦးကို ရွေးချယ်ခဲ့ကြောင်းသိရသည်။

ထို့နောက် စလင်းမြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာ က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦးအား Cash For Work စီမံကိန်းဆောင်ရွက်ရာတွင် ဖြည့်သွင်းရမည့် ပုံစံများကို ဆွေးနွေးပြောကြားသည်။

စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ် ၁၉ ကာလအတွင်း အလုပ်အကိုင်ရှားပါးသော ကျေလက်နေပြည်သူများအား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခရရှိစေရန် Cash For Work စီမံကိန်းကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ဦးစီးမှူး ဦးစိုးခိုင် ထံမှ သိရသည်။

အထွေး