ငဖဲမြို့နယ် ကျေးရွာသုံးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းများဖောက်လုပ်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ငဖဲ ဇူလိုင် ၁
မကွေးတိုင်းဒေကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်း များ၏ ထုတ်ကုန်၊ထွက်ကုန်များ ရာသီမရွေး ဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆင်ချည်တိုင် ကျေးရွာ ၊ ချောင်းဖြူကျေးရွာနှင့်သရက်ပင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ် ဆောင်ရွက်နေမှု အခြေအနေများကို ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော် နှင့် တာဝန်ခံ အင်ဂျင်နီယာများက ဆင်ချည်တိုင်ကျေး ရွာ ကုန်ထုတ်လမ်း၊ ချောင်းဖြူ ကျေးရွာကုန်ထုတ်လမ်းနှင့် သရက်ပင် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်သော သက်ဆိုင်ရာ ကုမ္ပဏီ၊ တာဝန်ခံအာင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက် နေမှု နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြမှုအပေါ် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ငဖဲမြို့နယ်အတွင်း ဆင်ချည်တိုင်ကျေးရွာ၌ အရှည် ၂ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မ ရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်ရှိ Slab Culvert တစ်စင်းနှင့် Pipe Culvert ၃စင်း ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၄၇ ဒဿမ ၁ သန်းဖြင့် လည်းကောင်း၊ချောင်းဖြူကျေးရွာ၌ အရှည် ၄ ဒဿမ ၆ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ ကိုးလက်မရှိ ကျောက်ရောမြေ ခင်း၍ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၂၀ ဒဿမ ၂၅ သန်းဖြင့် လည်းကောင်း၊သရက်ပင်ကျေးရွာ၌ အရှည် ၄ဖာလုံ ၊အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ ကိုးလက်မရှိ ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်း နှင့် ၎င်းလမ်းပေါ်ရှိ Slab Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၁၈ ဒဿမ ၆ သန်းဖြင့် လည်းကောင်း တင်ဒါအောင်မြင်သည့် ရွှေဆန်း သစ်ဟိန်း ကုမ္ပဏီ၊ ခိုင်ခံမြေကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း ထံမှ သိရသည်။
ဇင်မာ