စေတုတ္တရာမြို့နယ်ရှိ ကျေးရွာငါးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက်ပြီးစီး
+++++++++++++++++++++++
စေတုတ္တရာ ဇွန် ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဖွံ့ဖြိုးဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို တာဝန်ရှိသူများက ဇွန်လ စတုတ္ထပတ်အတွင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ရာ၌ စေတုတ္တရာမြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက စီမံကိန်းဖြစ်ပေါ်လာရသည့်အကြောင်းအရင်းများ၊ စီမံကိန်းသဘောသဘာဝ၊ စီမံကိန်းလက်စွဲပါ မူဝါဒနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော သက်ဆိုင်ရာ ကျေးရွာသူကျေးရွာသားများက အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီများကို ရွေးချယ်ကြသည်။
စေတုတ္တရာမြို့နယ်၊ ဟန်ဒေါက်ကျေးရွာအုပ်စု၊ မြောက်ဟန်ဒေါက်ကျေးရွာ၊ အလယ်ပုံကျေးရွာအုပ်စု၊ အလယ်ပုံကျေးရွာ၊ ဖထိမ်းကျေးရွာအုပ်စု၊ ခိုဝင်ကျေးရွာ၊ ဖအိုင်းကျေးရွာအုပ်စု၊ ရွှေချောင်းကျေးရွာနှင့် ကောင်းကြီးကျေးရွာအုပ်စု၊ ထမင်းချက်ကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာငါးရွာရှိ အိမ်ခြေ ၂၇၉ အိမ်၊ အိမ်ထောင်စု ၂၈၃ စု၊ လူ ၁၂၁၈ ဦးကိုအကျိုးပြုမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။
အထွေး