Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပွင့်ဖြူမြို့နယ် ကျေးရွာသုံးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

23 June 22

ပွင့်ဖြူမြို့နယ် ကျေးရွာသုံးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဇွန် ၂၃

          မကွေးတိုင်းဒေကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်း များ၏ ထုတ်ကုန်၊ထွက်ကုန်များ ရာသီမရွေး ဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျောင်းစု ကျေးရွာ၊ ကျွဲတိကျေးရွာနှင့်ကုန်းဇောင်း ကျေးရွာ ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေ များကို ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သက်မွန်၊မြို့နယ်ဦးစီးမှူးဦးလှဌေးမောင်နှင့် တာဝန်ခံ အင်ဂျင်နီယာများက ကျောင်းစုကျေးရွာကုန်ထုတ်လမ်း၊ ကျွဲတိကျေးရွာကုန်ထုတ်လမ်းနှင့် ကုန်းဇောင်း ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်သော သက်ဆိုင်ရာ ကုမ္ပဏီ၊တာဝန်ခံအာင်ဂျင်နီယာက လုပ်ငန်း ဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြမှုအပေါ် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သက်မွန်က လိုပ်အပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

          ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ပွင့်ဖြူမြို့နယ်အတွင်း ကျောင်းစုကျေးရွာ၌ အရှည် ၁ ဒဿမ ၃မိုင်၊အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ ကိုးလက်မရှိ ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၄၆ ဒဿမ ၉၆၅သန်းဖြင့် လည်းကောင်း၊ ကုန်းဇောင်းကျေးရွာ၌ အရှည် ၁ မိုင်၊အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ ကိုးလက်မရှိ ကျောက်ရောမြေ ခင်း၍ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၉ ဒဿမ ၉၂၅ သန်းဖြင့် လည်းကောင်း၊ကျွဲတိကျေးရွာ၌ အရှည် ၁ ဒဿမ ၁ မိုင်၊အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ ကိုးလက်မရှိ ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေကျပ် ၃၈ ဒဿမ ၅၉၅ သန်းဖြင့် လည်းကောင်း တင်ဒါအောင်မြင်သည့် Shwe Group  ကုမ္ပဏီက တာဝန်ယူ‌ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သက်မွန်ထံမှ သိရသည်။

          ဇင်မာ