စလင်းမြို့နယ် နွယ်တမယ်ကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်
********************************
စလင်း ဇွန် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ စလင်းမြို့နယ်၊နွယ်တမယ်ကျေးရွာအုပ်စု၊ နွယ်တမယ်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု"လူသူးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း"ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၂ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အရင်းအနှီးနဲပါးပြီး ပြုလုပ်ရရိုးရှင်းသည့် ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိလာသည့် အသိပညာများကိုလည်းသင်တန်းသူများမှ အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စိုးစံက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ သင်တန်းတွင် သင်ကြားပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
စလင်းမြို့နယ်၊ နွယ်တမယ်ကျေးရွာ၌ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဇွန် ၂၂ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၇ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး နွယ်တမယ်ကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တင်ရောက်ခဲ့ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး