ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကော်မတီ ဝင်များ အား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေသုံးစွဲနည်း(AVIP)သင်တန်းကို ဇူလှိုင်လ ၁၄ရက်နံနက် ၁၀ နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။အခမ်းအနားတွင် သုံးခွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊မြို့နယ် ဦးစီးမှူး ဒေါ် ခင်နှင်းချို က အဖွင့်အမှာစကားပြောကြား ကြောင်းသိရှိရသည်။
ထို့နောက် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံ ကိန်း (VDP)အကောင်အထည်ဖော်ရေး လုပ်ငန်းစဥ်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံ ကိန်း ရန်ပုံငွေသုံးစွဲရေးအစီအစဥ်(AVIP)ပုံစံ (၁၄) မျိုး သင်ခန်းစာများကို တစ်ရက်တာစာတွေ့၊ လက်တွေ့ ရှင်းလင်းဆွေးနွေး သင်ကြားပို့ချခဲ့ကြောင်းသိရှိရသည်။ အဆိုပါသင်တန်း သို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ၁၃ရွာမှသင်တန်းသား ၊သင်တန်းသူ၃၉ဦးတက် ရောက်ခဲ့ကြောင်းသိရှိရသည်။