Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဝမ်းတွင်းမြို့နယ်ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရေး ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်

15 July 22

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ခါတက္ကန်ကျေးရွာတွင် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လှျက်ရှိ ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံကျေးလက် နေပြည်သူများ၏ ဒေသထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရေးနှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်စေလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေကျပ် ၁၃၁ ဒဿမ ၄၅၉ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ထွန်းငွေခိုင် ကုမ္ပဏီမှ တာဝန်ယူကာ ဝမ်းတွင်းမြို့နယ်ခါးတက္ကန်ကျေးရွာ၏ မြောက်ဘက်ကွင်း အမှတ် ၁၂၃၉သို့ သွားသော ကျေးလက်ကုန်ထုတ်လမ်း အရှည်(၁/၇)မိုင် အကျယ် ၁၂ ပေထု ၉ လက်မရှိ ဂျင်းခင်းခြင်းလုပ်ငန်းထု ၂ ပေရှိ မြေသားခင်းခြင်း လုပ်ငန်းနှင့် အရှည် ၁၈ ပေ.အကျယ် ၅ပေ ၃ လက်မ အမြင့် ၅ပေ ၉လက်မရှိ Slub Culvert (၈)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဇူလိုင် ၄ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိသည်။       အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ခါးတက္ကန် ကျေးရွာရှိ လယ်ယာစိုက်ဧက ၇၀၂ ဧကတို့အား အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှသိရသည်။