Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြည်ခရိုင်အတွင်းရှိ ကျေးရွာ ၈၉ရွာ အား စီမံကိန်းရန်ပုံငွေကျပ်သိန်း ၉၁၀၀လွှဲပြောင်းပေးအပ်

15 July 22

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ(ဆီထွက်သီးနှံ)စီမံကိန်းလုပ်ငန်းများအတွက် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၄ရက် နေ့လည်၌ ပြည်မြို့၊သီရိခေတ္တရာခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ သီရိခေတ္တရာခန်းမတွင် ကျင်းပသည့် နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊သွင်းအားစုနှင့်စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်း သက်သာစွာဖြင့် ထောက်ပံ့ပေးရန် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ)စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်သည်။

          ယင်းနောက်   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်အတွင်းရှိ ပြည်၊ပန်းတောင်း၊ပေါက်ခေါင်း၊ ရွှေတောင်၊သဲကုန်း၊ပေါင်းတည်းစသည့်မြို့နယ်ခြောက်မြို့နယ်မှ ကျေးရွာ ၈၉ ရွာ စီမံကိန်းရန်ပုံငွေပေါင်း ငွေကျပ်သိန်း ၉၁၀၀ကို သက်ဆိုင်ရာကျေးရွာ ကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ကာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းသူများမှ ဆပ်ပြာချက်သရုပ်ပြဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။