၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ခွင့်ပြုငွေကျပ် (၅၅.၁)သန်းဖြင့် Mega Glory ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လယ်ယာကုန်ထုတ်လမ်း(၀/၆.၈၁၈)မိုင် မြေသားပထမအလွှာ ၁ပေထုအား တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ CBR တိုင်းတာမှုအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။