Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘားအံမြို့နယ် မုက္ကဒိကျေးရွာစက်ရေတွင်းတူဖော်နေမှုအား ကွင်းဆင်းစစ်ဆေး "

15 July 22

ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  တာဝန်ရှိသူများသည် ခောတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းဆောင်ရွက်လျှက်ရှိသော ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာသို့ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အိမ်တိုင်ရာရောက် ရေပေးဝေနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်နေမှုအား ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီက  ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်းသိရှိရပါသည်။

  ထိုသို့ ကွင်းဆင်းရာတွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့် ခရိုင်/မြို့နယ်တာဝန်ရှိသူများသည် ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ မုက္ကဒိ ကျေးရွာလက်ရှိရေသုံးစွဲမှုအခြေအနေ၊ အိမ်တိုင်ရာရောက်ရေရေရရှိရေးဆောင်ရွက်နိုင်ရန် level survey တိုင်းတာခြင်းနှင့် စက်ရေတွင်းတူးဖော်နေမှုအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး၊ ရေထွက်နှုန်း ကောင်းမွန်စေရေး၊ လုပ်ငန်းအရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်  မုက္ကဒိကျေးရွာ၌  ၄"စက်ရေတွင်း ၂၀၀ပေ (၁)တွင်း၊ ဂါလန်( ၂၄၀၀) ဆန့်  အမြင့်တင်ရေစင်နှင့် ရေစက်အောက်ခန်းဖွဲ့ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းတို့အား ရန်ပုံငွေ(၃၆.၄၅)ကျပ်သန်းဖြင့်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းများပြီးစီးပါက အိမ်ခြေ(၃၀၀)ကျော်အား အကျိုးပြုစေမည် ဖြစ်ကြောင်းသိရှိ ရသည်။