Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း "

11 July 22

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  တာဝန်ရှိသူများသည် ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၂)ရွာ၌ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက်  ကျေးလက်ရေရရှိရေး ဆောင်ရွက်ရန်  ကျေးရွာ(၂)ရွာအားဇူလိုင်လ(၁၁)ရက်နေ့ နံနက်(၁၀:၀၀) နာရီက  ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်းသိရှိရပါသည်။
 
  ထိုသို့ ကွင်းဆင်းရာတွင် ကော့ကရိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်းနှင့် ခရိုင် အင်ဂျင်နီယာများ၊ မြို့နယ်တာဝန်ရှိသူများ၊ ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ 
 နွားခြံကုန်းကျေးရွာ နှင့် အုန်းတစ်ပင် ကျေးရွာတို့အားလက်ရှိရေသုံးစွဲမှု အခြေအနေ၊ ရေရရှိရေးဆောင်ရွက်နိုင်ရန်  level survey တိုင်းတာခြင်းနှင့်  ကျေးရွာကော်မတီဝင်များ၏  မြေယာလှူဒါန်းခြင်းတို့အား  ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ၊  ရေထွက်နှုန်း  ကောင်းမွန်စေရေး၊ လုပ်ငန်းအရည်အသွေးကောင်းမွန်စေရေးနှင့်  သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ   လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
 
၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်  နွားခြံကုန်းကျေးရွာ၌  ၄"စက်ရေတွင်း ၂၀၀ပေ ( ၁)တွင်း၊ ဂါလန်( ၂၄၀၀) ဆန့်  အမြင့်တင်ရေစင်နှင့် ရေစက်အောက်ခန်းဖွဲ့ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းတို့အား ရန်ပုံငွေ(၁၆.) ကျပ်သန်းဖြင့်လည်းကောင်း၊  အုန်းတစ်ပင်ကျေးရွာ၌  ၄"စက်ရေတွင်း ၂၀၀ပေ ( ၁)တွင်း၊ ဂါလန်( ၂၄၀၀) ဆန့်  အမြင့်တင်ရေစင်နှင့်  ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းတို့အား ရန်ပုံငွေ(၁၇.၆) ကျပ်သန်းဖြင့်လည်းကောင်း အကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိရာ  လုပ်ငန်းများ ပြီးစီးပါက  အိမ်ခြေ(၃၀၀ ) ကျော်အား  အကျိုးပြုစေမည် ဖြစ်ကြောင်းသိရှိရသည်၊