ပဲခူးတိုင်းဒေသကြီး၊ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မှန်တန်းကျေးရွာနှင့် မိုးမခကျေးရွာတို့၌ စီမံကိန်းအတိုးရငွေ၏ (၅၀)ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ (၁၀၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများက (၁၁.၇.၂၀၂၂)ရက်နေ့တွင် လုပ်ငန်းများအပ်နှံခြင်းနှင့် လွှဲပြောင်းခြင်းအား ကျေးရွာများသို့ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။