Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းခြင်း

11 July 22

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက မရွေးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေမှု အခြေအနေများကို ဇူလိုင် ၈ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ဝင့်ဝါဖြူ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးနှင့်ဝန်ထမ်းများက မရွေးကျေးရွာ တောင်ဘက်ကွင်းအမှတ် (၁၈၇၀)သို့ သွားသော ကုန်ထုတ်လမ်းအရှည် (၀/၆)မိုင်နှင့် Slab Culvert နှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းမှ မြေသားပထမအလွှာ တစ်ပေထုတင်ပြီး ရေဖျန်းစက်ကြိတ်ခြင်းလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          အဆိုပါ မရွေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မူလရန်ပုံ ငွေကျပ် ၄၈ ဒဿမ ၇၃၅ သန်းဖြင့် လင်းလက်ပိုင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက် ရှိရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၂၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း ယင်းလုပ်ငန်းဆောင် ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၆၄ အိမ်၊ လူဦးရေ ၈၇၁ ဦးအတွက် အကျိုးပြုမည်ဖြစ် ကြောင်း သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။