Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ သုံးစွဲနည်းသင်တန်းဖွင့်လှစ်ခြင်း

11 July 22

             မြစ်သား ဇူလိုင် ၇

          မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေသုံးစွဲနည်း AVIP သင်တန်းကို ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ပို့ချကြောင်း သိရသည်။

          ရှေးဦးစွာ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကိုကိုအောင် က သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

          ထိုနောက် မြစ်သားမြို့နယ် VDP တာဝန်ခံဝန်ထမ်းများက သင်တန်းတွင်ပို့ချမည့် သင်ခန်းစာ ဘာသာရပ်များ၊ကျေးရွာရှိကဏ္ဍအသီးသီး၏လက်ရှိဖွံ့ဖြိုးရေးအခြေအနေများ၊ စီမံကိန်းပံ့ပိုးရန်ပုံငွေ သုံးစွဲနည်းအစီအစဉ်နှင့် ပတ်သက်သည့် သင်ခန်းစာများကို ရှင်းလင်းဆွေးနွေးသည်။

          အဆိုပါသင်တန်းသို့ မြစ်သားမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာ ၁၅ ရွာမှ တစ်ရွာ လျှင်သင်တန်းသားနှစ်ဦးဖြင့် သင်တန်းသား ၃၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် ရန်ပုံငွေသုံးစွဲရေး အစီအစဉ် AVIP သင်ခန်းစာများကို တစ်ရက်တာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)