ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ် တွင် ကျေးရွာဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၄)ရွာမှ သင်တန်းသား(၈)ဦးအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းနှင့် AVIP စီမံချက်ရေးဆွဲနည်းသင်တန်းကို ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၌ သင်တန်းပေးလျက်ရှိပါသည်။
သင်တန်းတွင် ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များက စီမံကိန်းစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ဝယ်ယူရေးဆိုင်ရာကိစ္စရပ်များ၊ ရေးသားဖြည့်သွင်းရမည့် ပုံစံများ၊ လုပ်အားခပေးချေခြင်းတွင်ထားရှိရမည့်မှတ်တမ်းများ ရေးသားဖြည့်သွင်းနည်းတို့ကို အသီးသီး ဆွေးနွေးပို့ချသင်တန်းပေးလျက်ရှိပါသည်။