Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှအဖွဲ့သည် မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်များမှ Cash for Work (CfW) တာဝန်ခံများနှင့် တွေ့ဆုံခြင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှအဖွဲ့သည် မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်များမှ Cash for Work (CfW) တာဝန်ခံများနှင့် တွေ့ဆုံခြင်း

08 July 22

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှအဖွဲ့သည် မိတ္ထီလာခရိုင် အတွင်းရှိ (မလှိုင်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်)မြို့နယ်တို့မှ  Cash for Work (CfW) တာဝန်ခံ များနှင့်  မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌  (၅-၇-၂၀၂၂)ရက်နေ့တွင် တွေ့ဆုံ၍ လုပ်ငန်းမဆောင်ရွက်မီနှင့် ဆောင်ရွက်နေစဉ်အတွင်း တွေ့ကြုံရသည့် အခက်အခဲများ၊ စာရင်းဇယားဖြည့်သွင်းမှုများအား ဆွေးနွေးမေးမြန်းခဲ့ပါသည်။

ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှအဖွဲ့၊  မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊  မိတ္ထီလာမြို့နယ်မှ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မိတ္ထီလာခရိုင်ကွပ်ကဲမှုအောက်ရှိ  မိတ္ထီလာမြို့နယ်မှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း Cash for Work (CfW) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်  သရက်ပင်ကျေးရွာရှိ ကော်မတီဝင်များ၊ ကျေးရွာ သူ/သားများနှင့်တွေ့ဆုံ၍  စီမံကိန်းနှင့်ပတ်သက်၍  ဆွေးနွေးမေးမြန်းခဲ့ကြောင်းသိရှိရပါသည်။