စဉ့်ကူးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (AVIPနှင့်( VDP))စီမံချက်ရေးဆွဲးနည်းသင်တန်း ဖွင့်လှစ်ခြင်း
စဉ့်ကူး ဇူလိုင်လ ၄ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ-၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည့်၊ကျေးရွာဖွံ့ဖြိုးလုပ်ငန်းစီမံကိန်း(Avipနှင့်VDP)စီမံချက် ရေးဆွဲနည်း သင်တန်း ဖွင့်လှစ်ခြင်း အခန်းအနားကို စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ များဖြစ်သော ကျီတော်ကုန်းကျေးရွာ၊ ဇီးပင်ကုန်းကျေးရွာ၊စားကျက်ကလေးကျေးရွာ၊ ထီးကုန်းကျေးရွာ တို့မှ သင်တန်းသား/သူ(၈) ဦးတက်ရောက်ခဲ့ပြီး စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး-ဦးနိုင်အောင်စိုး မှ အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ရာ၌ ကျေးရွာစိတ်ဓါတ် ( Village- Spirti ) ကျေးရွာစိတ်ဓါတ် အချက် (၅) ချက်ကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုက်နာဆောင်ရွာသွားရန် ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (Avipနှင့်(VDP) စီမံချက်ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိသူများ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှဝန်ထမ်းများနှင့် သင်တန်းသား / သူများ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုယ်ဗစ်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီးသင်တန်းအား ( ၅ ) ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး - ဦးနိုင်အောင်စိုးထံမှ သိရှိရပါသည်။
ဦးဝင်းဘို
အကြီးတန်းစာရေး
စဉ့်ကူးကျေးလက်