Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စဉ့်ကူးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ်စနစ်ထုတ်ချေးပေးခြင်း

05 July 22

စဉ့်ကူးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ်စနစ်ထုတ်ချေးပေးခြင်း

စဉ့်ကူး ဇူလိုင်လ ၄ ရက်

 

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကမြစိမ်းရောင်ကျေးရွာစီမံကိန်းငွေတောင်ကျေးရွာ(အဌမ) အကြိမ်မြောက်ချေးငွေများဆပ်/ ထုတ်စနစ်ထုတ်ချေးပေးခြင်းအခမ်းအနားကို (၄.၇.၂၀၂၂)ရက်နေ့နံနက် (၁၀)နာရီကစဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ    စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင် အောင်စိုးမှမြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့်ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှောချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ အခြား မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေး ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့ပါသည်။

          ထို့နောက် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးနိုင်အောင်စိုး၊ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီများနှင့် ငွေတောင်ကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များနှင့်အတူ ငွေတောင်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၄ဦး အား ချေးငွေ ၂၉၅၀၀၀၀ကျပ်၊ ​မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၅ဦး ချေးငွေ ၁၂၂၅၀၀၀၀ကျပ်၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၅ဦး ချေးငွေ ၁၇၀၀၀၀၀ကျပ်၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်သူ ၁ဦး ချေးငွေ ၂၅၀၀၀၀ကျပ် စုစုပေါင်း အသင်းသူ၊ အသင်းသား ၁၉၅ဦး ချေးငွေ ၄၃၇၀၀၀၀၀ကျပ် အား ထုတ်ချေးပေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ငွေတောင်ကျေးရွာ  မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

ဦးဝင်းဘို

အကြီးတန်းစာရေး

စဉ့်ကူးကျေးလက်