စဉ့်ကူးမြို့နယ်၌ (Cash for Work) စီမံကိန်းသင်တန်းပို့ချခြင်း
စဉ့်ကူး ဇူလိုင်လ ၁ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စဉ့်ကူးမြို့နယ် ကျီးပင်သာကျေးရွာ( Cash For WorK )စီမံကိန်းစာရင်းဇယားများရေးသွင်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ကျင်ပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုနောက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျီးပင်သာ ကျေးရွာ မှစီမံကိန်းလုပ်ငန်းကော်မတီများကိုစဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးမှ အဖွင့်အမမှာစကားပြောကြားရာတွင်ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ရာ၌ (Village Spirt) ကျေးရွာစိတ်ဓါတ် အချက်(၅) ချက်ကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် လိုက်နာဆောင်ရွက်သွာရန်ပြေားကြားခဲ့ပါသည်။
ဆက်လက်၍ ကျီးပင်သာကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီများကိုစဉ့်ကူးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးအရာရှိဒေါ်မြမြဝင်းနှင့်စီမံကိန်းတာဝန်ခံအငယ်တန်းအင်ဂျင်နီယာ -၂ဒေါ်ခင်သီရိကျော်တို့မှ (Cash For WorK )စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်ပြီးစာရင်းဇယားများရေး သွင်းနည်းကို ကိုဗစ်ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီသင်ကြားပို့ချခဲပါသည်။
အဆိုပါ သင်တန်းပို့ချခြင်းအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့် ဝန်ထမ်းများစီမံကိန်းလုပ်ငန်းကော်မတီမှ သင်တန်းသား /သူများ တက်ရောက်ခဲ့ကြောင်း စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး ထံမှသိရှိရပါသည်။
ဦးဝင်းဘို
အကြီးတန်းစာရေး
စဉ့်ကူးကျေးလက်