Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုင်းဆတ်မြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း "

08 July 22

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအား စီမံကိန်းမိတ်ဆက်ရှင်းလင်း ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ တောင်ညိုကျေးရွာ၊ အားဟယ်ကျေးရွာနှင့်ရှုခင်းသာကျေးရွာ တို့၌  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများ က VDP စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းပြီး ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများကို ဇူလိုင် ၆ ရက်တွင် ဆောင်ရွက်သည်။

          အဆိုပါကျေးရွာများအားလုံး ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးဖြစ်သော ကြောင့် ကျေးရွာကော်မတီဝင်များအား သင်တန်းပို့ချခြင်း၊ စာရင်းဇယားများကောက်ယူခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

          ထို့ပြင် မိုင်းဆတ်မြို့နယ်ရှိ တောင်လှေကားကျေးရွာ၊ အူဖူးဒေကျေးရွာ၊ ဝမ်တုံကျေးရွာ၊ ရှဲဟော့ကျေးရွာ၊ ဟုန်ကယ်ကျေးရွာ၊ နားလည်ကျေးရွာ၊ ဝမ်လုံကျေးရွာ၊ နမ့်ဖျန်ကျေးရွာစသည့် ကျေးရွာတို့၌ တစ်ရွာလျှင် VDP ရန်ပုံငွေ ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။