Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြည်ခရိုင်အတွင်းရှိ ကေျးရွာများတွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား စစ်ဆေး

08 July 22

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အတွင်းရှိ ‌ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့်အဖွဲ့တို့က ယနေ့၌ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၂-၂၀၂၃ခုဘဏ္ဍရေးနှစ်တွင် ပန်းတောင်းမြို့နယ်အတွင်းရှိ တမာကုန်း ကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၁၄ ဒဿမ ၆၁၁သန်းဖြင့် ဆောင်ရွက်နေသော ၂”Ø ၈၀၀’ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းအားလည်းကောင်း၊ အလျား ၁၀’ အနံ ၁၅’ အမြင့် ၆’ ရှိသော ရေစုကန်တည်ဆောက်နေမှုအားလည်းကောင်း၊လဲကျေးရွာ၌ ပြည်‌ထောင်စုရန်ပုံငွေကျပ် ၄၉ ဒဿမ ၁၉၁သန်းဖြင့် ဆောင်ရွက်နေသော အရှည် ၀/၅.၄၆မိုင်၊အကျယ် ၁၂’၊ထု ၂’၉”ရှိသော မြေသား+ချောင်း‌ကျောက်ခင်းခြင်းအားလည်းကောင်း၊ အရှည် ၃’ အကျယ် ၁၈’ အမြင့် ၂’၆”ရှိသော Box Culvert(၃)စင်း တည်ဆောက်နေမှုအား လည်းကောင်း ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်းသိရသည်။

          ဆက်လက်၍ ရွှေတောင်မြို့နယ်အတွင်းရှိ ကြို့ကုန်း(မဟာသိုက်ကုန်း)ကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၁၅၇ ဒဿမ ၂၂သန်းဖြင့် ဆောင်ရွက်နေသော အရှည် ၁/၄.၁၅မိုင်၊ အကျယ် ၁၂’၊ ထု ၂’၉” ရှိသော မြေ+မြေနီခင်းခြင်းအားလည်းကောင်း၊ထန်းကုန်းကျေးရွာ၌ တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၇၀.၈၅သန်းဖြင့် ဆောင်ရွက်နေသော အရှည် ၀/၇.၇၂မိုင် ၊အကျယ် ၁၂’၊ ထု၂’၉”ရှိသော မြေ+မြေနီလမ်းခင်းခြင်းအား လည်းကောင်း၊သဲကုန်းမြို့နယ်အတွင်းရှိ ကြို့ရပ်သာ‌ ကေျးရွာ၌ တိုင်းဒေသကြီးရန်ပုံငွေကျပ် ၃၃ဒဿမ ၄၇၂သန်းဖြင့် ဆောင်ရွက်နေသော ၄”Ø ၇၀၀’ စက်ရေတွင်းတူးဖော်နေမှုအား လည်းကောင်း၊ မြစိမ်းရောင်စီမံကိန်းဖြင့်ဆောင်ရွက်နေသော စိုက်ပျိုးရေး၊မွေးမြူးရေးလုပ်ငန်းများအားလည်းကောင်း လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ကော်မတီဝင်များနှင့်တွေ့ဆုံခဲ့၍ လိုအပ်သည့်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။