Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရမည်းသင်းခရိုင်အတွင်း Cash For Work စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးစီးအရာရှိ ဒေါ်သီတာခိုင်မှ ကွင်းဆင်းစစ်ဆေး၍ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံခြင်း

06 July 22

ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် အတွင်း  Cash For Work စီမံကိန်း ဆောင်ရွက်မည့် ဝါးရုံတောအနောက်ကျေးရွာနှင့် ပျော်ဘွယ်မြို့နယ် အတွင်း  Cash For Work စီမံကိန်း ဆောင်ရွက်မည့် ကြတ်တွင်းကျေးသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးစီးအရာရှိ ဒေါ်သီတာခိုင်နှင့် အဖွဲ့၊ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိုက်၊ မြို့နယ်ဦးစီးမှူးများနှင့် တာဝန်ရှိဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေး၍ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များမှာကြားဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးစီးအရာရှိ ဒေါ်သီတာခိုင်မှ ရမည်းသင်းမြိုနယ်နှင့်ပျော်ဘွယ်မြို့နယ်ရှိ Cash For Work စီမံကိန်း တာဝန်ခံများနှင့် တွေ့ဆုံပြီး လိုအပ်သည်များမှာကြားဆွေးနွေးမှာကြားခြင်းကို ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။