ရမည်းသင်းရိုင်အတွင်းရှိ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကုန်ထုတ်လမ်းလုပ်ငန်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့သည်ဟု သိရှိရပါသည်။
ရမည်းသင်းမြို့နယ်မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျွဲတပ်ကျေးရွာအုပ်စု၊ ကျွဲတပ်ကျေးရွာတွင် ဆောင်ရွက်သည့် ကျွဲတပ်ကုန်ထုတ်လမ်းပေါ် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ပျော်ဘွယ်မြို့နယ် အုန်းပင်ကျေးရွာအုပ်စု၊ စင်္ကြာကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေတို့အား မန္တလေးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင့်ဝါဖြူနှင့် ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဦးစီးအရာရှိ(နည်းပညာ)တို့သည် ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်မှ မြို့နယ်ဦးစီးမှူး၊ တာဝန်ခံဝန်ထမ်းများနှင့်အတူ ကွင်းဆင်းသွားရောက် စစ်ဆေးခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် လိုအပ်သည်များ ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။