Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘူးသီးတောင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အကျိုးကျေးဇူးများအကြောင်း ဆွေးနွေး

04 July 22

          ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်းကျေးရွာများတွင် ဇူလိုင်လ(၃)ရက်နေ့၊နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ ဘူးသီးတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်နှင့် ဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ ပိုမိုအား ကောင်းလာစေရန် ရည်ရွယ်ပြီး စီမံကိန်း ဆောင်ရွက်လျက်ရှိသော ဆင်စွယ်ရ ကျေးရွာနှင့် ယင်းမ ကျေးရွာများသို့ ကွင်း ဆင်းပြီး စီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေး ဟောပြော  ခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် စီမံ ကိန်းဆောင်ရွက်လျက်ရှိသော ကျေးရွာများတွင် အတိုးများ လစဉ် (သို့မဟုတ်) သုံးလတစ်ကြိမ် ပေး သွင်းမှုကို စိစစ်ခြင်း၊ ကော်မတီဝင်များ ပုံစံများ ရေးသွင်းထားရှိမှုနှင့် ကျေးရွာသူ ကျေးရွာသားများ အား ရှင်းလင်းပြောကြားခြင်းနှင့် မြစိမ်းရောင် အသင်းဝင်များ ပိုမိုစည်းလုံးမှုရှိစေရေးအတွက် မြစိမ်း ရောင်ကျေးရွာ စီမံကိန်းအကျိုးကျေးဇူးများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။