Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မလှိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာများအား သင်တန်းပို့ချခြင်း

07 July 22

မလှိုင်မြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏  ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေး နှစ်တွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအား မလှိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် (၂၇.၆.၂၀၂၂) ရက်နေ့မှ (၁.၇.၂၀၂၂)ရက်နေ့ထိ (၆)ရက်ကြာ သင်တန်းပို့ချသည်ဟု မလှိုင်မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရှိရပါသည်။

          မလှိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ ၂၀၂၂-၂၀၂-၃ ခုဘဏ္ဍာရေးနှစ် တွင်  မြင်းဦးလှည့်အုပ်စု၊ ညောင်ကုန်းကျေးရွာ၊ ကမ္ဘားဖြူအုပ်စု၊ ထန်းပင်ကောင်ကျေးရွာ၊ ကျပ်ဆည်အုပ်စု၊ သပြေလှကျေးရွာ၊ ကျွဲခြံအုပ်စု၊ ကျွဲခြံကျေးရွာ၊ ရေထွက်အုပ်စု၊ ဖန်းခါးပင် ကျေးရွာ၊ လယ်ဗျားအုပ်စု၊ လယ်ဗျားကျေးရွာ၊ ဆည်တိုအုပ်စု၊ ရွာသစ်ကျေးရွာနှင့် ရေနီအုပ်စု၊ ရေနီ(န)ကျေးရွာ စုစုပေါင်းကျေးရွာ(၈)တို့ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။              

          ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာများမှ သင်တန်းသား(၂)ဦးစီဖြင့် သင်တန်းသား(၁၆)ဦးအား AVIP ပုံစံရေးသွင်းနည်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းများအား ပို့ချခဲ့ခြင်းဖြစ်ပါသည်။