သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအား သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် (၄.၇.၂၀၂၂) ရက်နေ့မှ (၈.၇.၂၀၂၂)ရက်နေ့ထိ (၅)ရက်ကြာ သင်တန်းပို့ချသည်ဟု သိရှိရပါသည်။
သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ ၂၀၂၂-၂၀၂-၃ခု ဘဏ္ဍာရေး နှစ်တွင် ဇီးပင်ပေါက်ကျေးရွာအုပ်စု၊ ဇီးပင်ပေါက်ကျေးရွာ၊ ရွာမွန်သာကျေးရွာအုပ်စု၊ ရွာမွန်သာ ကျေးရွာ၊ အုတ်ဖိုကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ဌက်ကြီးသိုက်ကျေးရွာအုပ်စု၊ သံပွေ့ကျေးရွာ ကြက်မောက်ကျေးရွာအုပ်စု၊ ချမ်းသာကြီးကျေးရွာ၊ ညောင်ရမ်းဈေးကျေးရွာအုပ်စု၊ ပျော်ကုန်း ကျေးရွာ၊ ကုက္ကိုကန်ကျေးရွာအုပ်စု၊ သက်သော့ကျေးရွာ စုစုပေါင်းကျေးရွာ(၇)ရွာတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာများမှ သင်တန်းသား(၂)ဉီးစီဖြင့် သင်တန်းသား(၁၄)ဦးအား AVIP ပုံစံရေးသွင်းနည်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းများအား ပို့ချခဲ့ပါသည်။