ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)စီမံချက်ရေးဆွဲနည်းနှင့်
ရန်ပုံငွေသုံးစွဲနည်း (AVIP)သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်လုပ်ခြင်း
ကျောက်ဆည် ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ (VDP) စီမံကိန်းကော်မတီဝင်များလုပ်ငန်းစွမ်းဆောင်ရည်မြငိ့မားစေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်းနှင့် ရန်ပုံငွေသုံးစွဲနည်း (AVIP) သင်တန်း ဖွင့်ပွဲကို ဇူလိုင်(၁)ရက်နေ့ နံနက်ပိုင်းတွင်အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သင်းသင်းအေးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)တာဝန်ခံများက သင်တန်းတွင် ပို့ချမည့် သင်ခန်းစာဘာသာရပ်များ၊ ကျေးရွာရှိကဏ္ဍအသီးသီး၏ လက်ရှိဖွံ့ဖြိုးရေး အခြေအနေများ စီမံကိန်းပံ့ပိုးရန်ပုံငွေသုံးစွဲနည်း အစီအစဉ်နှင့်ပတ်သတ်သည့် သင်ခန်းစာများ ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်ခန်းစာများကိုရှင်းလင်းဆွေးနွေးသည်။အဆိုပါသင်တန်းကို ကျောက်ဆည်မြို့နယ် အတွင်းရှိ ကျေးရွာ(၁၂)ရွာမှတစ်ရွာလျှင် သင်တန်းသားနှစ်ဦးနှုန်းဖြင့် သင်တန်းသား(၂၄)ဦး တက်ရောက်ကြောင်းသိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)