Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ဆည်မြို့နယ်၌ကောင်းမွန်သောတိရိစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP) သင်တန်းဖွင့်လှစ်ခြင်း

06 July 22

ကျောက်ဆည်မြို့နယ်၌ကောင်းမွန်သောတိရိစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP) သင်တန်းဖွင့်လှစ်ခြင်း

ကျောက်ဆည် ဇူလိုင် ၁                          

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ကျေးလက်နေပြည်သူများ ကောင်းမွန်သောတိရိစ္ဆာန်မွေးမြူရေး အသိပညာဗဟုသုတများ  ရရှိလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကောင်းမွန်သောတိရိစ္ဆာန် မွေးမြူရေး အသိပညာပေးသင်တန်းဖွင့်ပွဲကို  ဇွန်(၃၀)ရက် နံနက်(၁၀)နာရီက ကျောက်ဆည်မြို့နယ်အောင်ချမ်းသာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်သင်းသင်းအေးက  သင်တန်းသား/သူများအနေဖြင့် သင်တန်းတွင်ပို့ချပေးမည့်  သင်ခန်း စာများကိုလက်တွေ့နယ်ပယ်တွင်အကျိုးရှိရှိအသုံးချစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

         ဆက်လက်၍ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာ ကျော်ရဲနိုင် မှ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များ၊ သင်တန်းတက်ရောက်ရာတွင်လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

          အဆိုပါကောင်းမွန်သော တိရိစ္ဆာန်မွေးမြူရေး အသိပညာပေးသင်တန်းတွင်  ကျောက်ဆည် မြို့နယ်အတွင်းရှိကျေးရွာများမှသင်တန်းသား၊သင်တန်းသူဦးရေ(၅၀)ဦးတက်ရောက်ကြပြီးသင်တန်း ၌ တိရိစ္ဆာန်မွေးမြူရေးနှင့်ပတ်သတ်သည့် ကာကွယ်ဆေးထိုးနှံခြင်း၊ အစာအာဟာရများအတွက် နေဗီယာမြက်စိုက်ပျိုးနည်း စသည့်သင်ခန်းစာများကို  စာတွေ့၊လက်တွေ့(၁)ရက်ကြာ သင်ကြားပို့ချ ခဲ့ကြောင်း ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ပြောပြ၍သိရသည်။

 မျိုးသန်းညွန့်