ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျင်းပသော ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ် Cash For Work လုပ်ငန်း စီမံကိန်းဖြင့် ဆောင် ရွက်မည့် တောင်ရွာ ကျေးရွာတွင် စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တောင်ကုတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးမှ Cash For Work စီမံကိန်းမှာ ကိုဗစ်ကာလ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်း ရရှိရေးအတွက် နိုင်ငံတော်မှ ချမှတ်ပေးသော စီမံကိန်းဖြစ်ပြီး ကျေးရွာ (၁)ရွာလျှင် နိုင်ငံတော်မှ စီမံကိန်း ရန်ပုံငွေ ကျပ်(၁၀)သန်း ထောက်ပံ့ပေးပြီး ကျေးရွာသူ /ရွာသားများ၏ ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးခြင်းဖြင့် လုပ်အားခများ ရရှိကာ ကျေးလက် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုး တက်ရေးကို အထောက်အကူပြု စီမံကိန်း တစ်ခုဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရှိရပါသည်။