ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)၊ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်းနှင့် Cash for Workစီမံကိန်းလုပ်ငန်းများအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၄ရက် နေ့လည်၌ ပဲခူးမြို့၊မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်၊ဦးမျိုးဆွေဝင်းက အဖွင့် အမှာစကားပြောကြားခဲ့၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ဆောင်ရွက်မည့် မုန်တိုင်း ကျေးရွာအား ရန်ပုံငွေကျပ် ၃၀၀သိန်းအားလည်းကောင်း၊ ကလိကျေးရွာအား ရန်ပုံငွေကျပ် ၃၀၀သိန်းအားလည်းကောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့်ဆောင်ရွက်မည့် ဘန်ဒါကုန်းကျေးရွာနှင့် ဝမ်းဘဲအင်းကျေးရွာတို့အား တစ်ရွာလျှင် ရန်ပုံငွေကျပ် ၁၀၀သိန်းအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်းဖြင့်ဆောင်ရွက်မည့် စစ်ပင်ဆိပ်ကျေးရွာနှင့်ကျောင်းကုန်းကျေးရွာတို့အား တစ်ရွာလျှင် ရန်ပုံငွေကျပ် ၁၀၀သိန်းအားလည်းကောင်း၊သံယံဇာတရေးရာဝန်ကြီးက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့်ဆောင်ရွက်မည့် အေးပြည့်စုံကျေးရွာနှင့် ပေပင်ခုံကျေးရွာတို့အား တစ်ရွာလျှင် ရန်ပုံငွေကျပ် ၁၀၀သိန်းအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့်ဆောင်ရွက်မည့် လသာကုန်းကျေးရွာနှင့် ကျောက်တန်းကျေးရွာတို့အား တစ်ရွာလျှင် ရန်ပုံငွေကျပ် ၁၀၀သိန်းအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့်ဆောင်ရွက်မည့် ကျောင်းစုကျေးရွာနှင့် ရှမ်းရွာကြီးကျေးရွာတို့အား တစ်ရွာလျှင် ရန်ပုံငွေကျပ် ၁၀၀သိန်းအား လည်းကောင်း၊ ဉပဒေချုပ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့်ဆောင်ရွက်မည့် ဘန့်ဘွေးကုန်းကျေးရွာနှင့်အရှေ့ကုန်းကျေးရွာတို့အား တစ်ရွာလျှင် ရန်ပုံငွေကျပ် ၁၀၀သိန်းအား လည်းကောင်း၊ Cash for Workစီမံကိန်းဆောင်ရွက်မည့် စိုင်တီကျေးရွာအား ရန်ပုံငွေကျပ် ၁၀၀သိန်း အားလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။