Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

05 July 22

ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဝန်ထမ်းများစွမ်းဆောင် ရည်မြှင့်တင်ရေး စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကိုဇူလိုင် ၄ရက် နံနက်ပိုင်းတွင် ကျင်းပကြောင်းသိရသည်။

          ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးအောင်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ သင်တန်းနည်းပြဆရာများက သင်တန်းတွင် ပို့ချသင်ကြားမည့် သင်ခန်းစာများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သင်ထောက်ကူစာအုပ်များကို သင်တန်းသား၊သင်တန်းသူများထံ ပေးအပ်သည်။

          အဆိုပါသင်တန်းကို ပဲခူးတိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သင်တန်းသား၊သင်တန်းသူစုစုပေါင်း ၃၃ဦးတက်ရောက်ပြီး သင်တန်းတွင် ရုံးလုပ်ငန်း များစစ်ဆေးခြင်း၊ ရုံလုပ်ငန်းများကွပ်ကဲခြင်း၊ ဌာနဆိုင်ရာစစ်ဆေးမှုများ၊ ဝန်ထမ်း မှတ်တမ်း ထိန်းသိမ်းခြင်း၊ ခွင့်ခံစားခြင်း၊ ကူးပြောင်းချိန်ကာလသတ်မှတ်ခြင်း၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာ အခြေခံမှုများပြစ်မှုများ၊ပြစ်ဒဏ်များ၊ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သိသင့်သည့်အချက်များ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်များစသည့် သင်ခန်းစာများပို့ချမည့်ဖြစ်ပြီး သင်တန်းကို ဇူလိုင် ၈ရက်ထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။