Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ညောင်ဦးမြို့နယ်အတွင်း ကျေးရွာ(၃)ရွာ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးခြင်း

05 July 22

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ၂၀၂၂-၂၀၂၃ခုနှစ် ပြည်ထောင်စုတိုင်းဒေသကြီး ရန်ပုံငွေကျပ်  ၆၉.၀၁ သန်းဖြင့် ညောင်ဦး မြို့နယ် ကျေးရွာသုံးရွာ၌  ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဇွန် ၂၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် တာဝန်ရှိသူများက  ညောင်ဦးမြို့နယ်  ထန်းပေါက်တော ကျေးရွာ၌  စက်ရေတွင်း(တွင်းနက်)တူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ၊ ဒဟတ်စီးကျေးရွာ၌ အလျားပေ ၂၀၀၊ အနံပေ ၁၀၀ နှင့်  အနက် ၆ ပေ ရှိ မြေသားရေကန် တူးဖော်ခြင်းနှင့် ကောင်းညိုကျေးရွာ၌  အလျားပေ ၂၀၀၊ အနံ၁၀၀ ပေနှင့် အနက် ၆ ပေ ရှိ မြေသား ရေကန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို  ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

          အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ထန်းပေါက်တောကျေးရွာရှိ အိမ်ခြေ ၃၂၁ အိမ်၊ လူဦးရေ ၁၀၇၆ဦး၊ဒဟတ်စီးကျေးရွာ ရှိ  အိမ်ခြေ ၁၄၀၊လူဦးရေ ၄၈၅ ဦး ၊ ကောင်းညိုကျေးရွာ ၌  အိမ်ခြေ ၁၈၉ အိမ်၊လူဦးရေ ၁၀၄၀ ဦးတို့၏သောက်သုံးရေရရှိိရေးအတွက် များစွာ အကျိုးပြု နိုင်တော့မည်ဖြစ်ပါသည်။