Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခရမ်းမြို့နယ် ကျေးလက်ရုံးတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စားသောက်ကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းဆင်း

04 July 22

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဇွန် ၂၄ ရက် နံနက် ၁၀နာရီ က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စားသောက်ကုန်(ဖျော်ရည်မျိုးစုံနှင့် ယိုမျိုးစုံ) ထုတ်လုပ်နည်းသင်တန်းဆင်းပွဲကို ဇွန် ၃၀ ရက် နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့် တောင်ပိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်းတို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီး မှူးဒေါ်ထားထားနိုင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး လက်တွေ့ ပြုလုပ်ထားသော  စားသောက် ကုန်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြက(ဖျော်ရည်မျိုးစုံနှင့် ယိုမျိုးစုံ) ထုတ်လုပ်နည်း အဆင့်ဆင့် နည်းပညာများကို ခုနှစ်ရက်ကြာသင်တန်းသူ ၂၀ဦးကို စာတွေ့၊ လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။